မြန်မာနိုင်ငံ စိတ်ကြွဆေးသုံးစွဲသူ ပိုများလာ

ကမ္ဘာတ၀ှမ်း စိတ်ကြွဆေး ဖမ်းဆီးရမိမှုတွေဟာ ပြီးခဲ့တဲ့နှစ်ထဲ စံချိန်တင်လောက်အောင် များပြားခဲ့ရာမှာ မြန်မာနိုင်ငံဟာလည်း အဓိက ဖမ်းဆီးမိတဲ့ တိုင်းပြည်တခုအဖြစ်နဲ့ တွေ့ရှိရတဲ့အကြောင်း ကုလသမဂ္ဂရဲ့ အစီရင်ခံစာသစ်က ဖော်ပြပါတယ်။ ဖမ်းဆီးမှုတွေ၊ မူးယစ်ဆေး စွဲလမ်းသူတွေကို ကုသမှုဆိုင်ရာ အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ methamphetamine စိတ်ကြွဆေးတွေ အသုံးပြုမှုနှုန်းဟာ တိုးလာနေတဲ့အကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှု တိုက်ဖျက်ရေးရုံး (UNODC) ရဲ့ ဒီကနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာက ဖော်ပြခဲ့တာပါ။ မြန်မာနိုင်ငံကလာတဲ့ methamphetamine စိတ်ကြွဆေးတွေကို အိမ်နီးချင်း တိုင်းပြည်တွေမှာ ဖမ်းဆီးရမိတာတွေဟာလည်း…

ရုရှားရောက် မြန်မာမယ် မိုးစက်ဝိုင် ပွဲကြို ပြိုင်ပွဲတွေရဲ့ ဆန်ခါတင်စာရင်းထဲမှာ ပါဝင်နေ

ရုရှားနိုင်ငံမှာ ကျင်းပနေတဲ့ မယ်စကြ၀ဠာ ၂၀၁၃ ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံ ကိုယ်စားပြုပြီးသွားရောက်ယှဉ်ပြိုင်တဲ့ မြန်မာအလှမယ် မိုးစက်ဝိုင်ဟာ နောက်ဆုံးအဆင့် ပြိုင်ပွဲကြီးမစခင် ကျင်းပပြုလုပ်လျက်ရှိတဲ့ ပွဲကြိုပြိုင်ပွဲတွေ အားလုံးရဲ့ ဆန်ခါတင်စာရင်းများမှာ ပါဝင်နေတာမို့ နိုင်ငံအတွက်ဆုတွေများစွာ သယ်ဆောင်လာနိုင်ဖို့ အလားအလာကောင်းတွေ ရှိနေပါတယ်။ ရေကူးဝတ်စုံပြိုင်ပွဲမှာတော့ အလှဆုံးမယ် (Best Bikini Body) သုံးယောက် ရွေးချယ်ရာမှာတစ်ယောက် အပါအ၀င် ဖြစ်ခဲ့ပါတယ်။ “ဆုရယ်လို့တော့ အခုထိ မကြေညာသေးပါဘူး။ အခုထိကတော့ မိုးစက်ဝိုင်က နောက်ဆုံးဆန်ခါတင်အဆင့်တိုင်းမှာ ပါဝင်နေတာပါ။ ရေကူးဝတ်စုံနဲ့ အလှဆုံးမယ်မှာ မစ္စဖိလစ်ပိုင်၊ မစ္စယူအက်စ်တို့နဲ့အတူ…

မယ်စကြာဝဠာ ဆန်ခါတင် ရွေးချယ်ပွဲအတွက် မိုးစက်ဝိုင် ယုံကြည်မှုတက် (ဗွီအိုအေနဲ့ သီးသန့်အမေးအဖြေ)

ရုရှနိုင်ငံမှာ ကျင်းပနေတဲ့ မယ်စကြ၀ဠာပြိုင်ပွဲဟာဆိုရင် မနက်ဖြန် နောက်ဆုံး ဖိုင်နယ်ဖြစ်ပါတယ်။  မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မိုးစက်ဝိုင်ကတော့ ဒီနောက်ဆုံးဖိုင်နယ်အတွက် အကောင်းဆုံး ပြင်ဆင်ထားပြီး အရင်ကထက် ယုံကြည်မှုတွေ ပိုရှိလာတယ်လို့ VOA ကိုပြောခဲ့ပါတယ်။ အခုအသံလွှင့်ချိန် မတိုင်လေးမှာပဲ VOA က မိုးစက်ဝိုင်ကို ဆက်သွယ်မေးမြန်းခဲ့တာကို နားဆင်ကြည့်ပါ။ ” မနက်ဖြန်ကျတော့မှ ၁၆ယောက်ကို သူတို့က စထွက်တာနဲ့ ငါးရက်နေ့မှာ ရွေးထားပြီးသား။ ဒါပေမဲ့ မနက်ဖြန်ကျမှ ကြေညာ မယ်။ ကြေညာပြီးရင် အဲ့ဒီ့ ၁၆ယောက်က ရေကူးဝတ်စုံနဲ့ ထပ်ပြိုင်ရမယ်။…

တိုက်ဖုန်းမုန်တိုင်းကြီး Haiyan ဖိလစ်ပိုင် ၀င်မွှေ

ကမ္ဘာ့အင်အားအပြင်းထန်ဆုံး မုန်တိုင်းတွေထဲက တခုဖြစ်တဲ့ မုန်တိုင်းဟာ ဖိလစ်ပိုင်နိုင်ငံကို ဝင်ရောက်တိုက်ခတ်နေပြီး အဲ့ဒီ့မုန်တိုင်းကြောင့် မြေပြိုမှုတွေ၊ အဆောက်အဦးတွေ ပျက်ဆီးတာတွေဖြစ်နေပြီးတော့ အနည်းဆုံး လူသုံးယောက် သေဆုံးသွားပြီးလည်းဖြစ်ပါတယ်။ Haiyan အမည်ရှိ တိုက်ဖုန်းမုန်တိုင်းကြောင့် နိုင်ငံတဝှမ်း နေရာအများစုမှာ ဆက်သွယ်ရေးတွေ၊ လျှပ်စစ်ဓာတ်အားပေးလိုင်းတွေ ပြတ်တောက်နေပြီ ဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာတော့ Yolanda လို့ သိကြတဲ့ အဲ့ဒီ့မုန်တိုင်းဟာ တစ်နာရီကို မိုင် ၁၉၀ကျော်နှုန်းနဲ့ တိုက်ခတ်နေတာဖြစ်ပါတယ်။ မိုးလေဝသ လေ့လာသူတော်တော် များများကတော့ အဲ့ဒီ့မုန်တိုင်းဟာ တိုက်ခတ်ခဲ့သမျ မုန်တိုင်းတွေထဲမှာ အပြင်းထန်ဆုံးဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။ လောလောဆယ်မှာတော့…

ကျောက်မီးသွေးကြောကြောင့် စိုက်ပျိုးမြေ ပိုမိုနည်းပါးလာမည်ကို ဒေသခံများစိုးရိမ်

(BNI သတင်း) သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မိုင်းဝီးဒေသ၌ ကျောက်မီးသွေး ထွက်ရှိသဖြင့် လာရောက် တူးဖော်ပါ က စိုက်ပျိုးမြေ စားကျက်မြေများ ပိုမိုနည်းပါးလာမည်ကို စိုးရိမ်နေကြကြောင်း ဒေသခံများပြောကြားချက် အရ သိရှိရပါသည်။ “ဂက်စ်ပိုက်လိုင်းကြောင့် ပြည်သူတွေ လယ်ယာမြေဧက အများကြီး ဆုံးရှုံးပြီးပြီ။ အခု ကျောက်မီး သွေးတူးဖို့ စိုင်းပြင်းနေကြတယ်။ စိုက်ပျိုးမြေတွေ စားကျက်မြေတွေ ပိုပြီးနည်းလာနိုင်တယ်။ နောက်ပြီး ကျောက်မီး သွေးကြောက ရွာအောက်မှာလည်း ရှိနိုင်တယ်။ ဒါကြောင့် ရွာရွှေ့ပြောင်း ခိုင်းတာတွေလည်း ရှိလာနိုင်တယ်” ဟု မိုင်းဝီးဒေသခံ…

ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်ပွဲကြီးတစ်ခု နိဂုံးချုပ်တော့မည်လော

(BNI သတင်း) ယခုသီတင်းပတ်အတွင်း မြန်မာနိုင်ငံမြောက်ပိုင်း၌ မြန်မာအစိုးရအရာရှိများနှင့် တစ်ဒါဇင်ကျော်မျှရှိသော လူမျိုးစုလက်နက်ကိုင် အဖွဲ့အစည်းများအကြားတွေ့ဆုံမှုမပြုမီတွင် သမိုင်းတွင်မည့်ငြိမ်းချမ်းရေးသဘော တူညီချက်တစ်ရပ်ရရှိရန် မျှော်လင့်ချက်များရှိခဲ့သည်။ အင်္ဂါနေ့တွင်မူ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အား လက်မှတ် ရေးထိုးရန်နှင့် နိုင်ငံရေးအရဆွေးနွေးရန် မူဘောင်တစ်ခုအားချမှတ်ခြင်းတို့အတွက် မူအားဖြင့်သဘော တူညီမှုတစ်ရပ်ရရှိခဲ့ပြီဟူသော ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ ၎င်းအချိန်အခါမှာ “နှစ်ပေါင်း ၆၀ အတွင်းအရေးကြီးဆုံးသော အချိန်ပါပဲ” ဟု သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ကြိုဆိုဂုဏ်ပြုလိုက် သည်။ လူမျိုးစုအရေးပေါ်တွင် အဓိကအခြေပြုရုံမျှသာမက နိုင်ငံရေးအတွေးအခေါ်တွင်လည်း အခြေခံသည့် မြောက်မြားလှစွာသော သူပုန်များမှာအုပ်ချုပ်ရေးအာဏာ ပိုမိုရရှိရေးအတွက် စစ်တပ်အုပ်စိုးသည့်…

ရန်ကုန်အစိုးရ ဘဏ္ဍာငွေစုစုပေါင်း၏ ၇၀ ရာခိုင်နှုန်း စည်ပင်သုံးမည်

(BNI သတင်း) လာမည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အတွက် ရန်ကုန်တိုင်းအစိုးရ သုံးစွဲရန် လျာထားငွေစုစုပေါင်း ၃၃၄ ဘီလီယံကျော်၏ ၇၀ ရာခိုင်နှုန်းနီးပါးကို ရန်ကုန်မြို့တော် စည်ပင်သာယာက သုံးစွဲသွားမည်ဖြစ်သည်။ ရန်ကုန်တိုင်းအစိုးရ၏ စုစုပေါင်း သုံးစွဲရန်လျာထားသည့် ၃၃၄ ဒသမ ၉၀၈ ဘီလီယံအနက် ရန်ကုန် စည်ပင်သာယာရေးကော်မတီက သာမန်နှင့် ငွေလုံးငွေရင်း အသုံးစရိတ် ကျပ် ၂၃၂ ဒသမ ၇၉၄ ဘီလီယံနှင့် ကြွေးမြီအသုံးစရိတ်အဖြစ် ကျပ် ၈၇၂ ဒသမ ၇၉၄ သန်းတို့ကို သုံးစွဲမည်ဖြစ်ခြင်းကြောင့် ရာခိုင်နှုန်းအများ…